ကွယ်လွန်သွားပြီဖြစ်တဲ့ လူရွှင်တော် ရှက်တယ်က မကောင်းတဲ့ အိပ်မက်ပေးခဲ့ကြောင်း ပြောပြလာတဲ့ လန်ဒန်

Posted on

လက်ရှိမှာ သာသနာ့ဘောင်ဝင်နေတဲ့ လူရွှင်တော်လန်ဒန်ကတော့ သူငယ်ချင်းဖြစ်သူ ရှက်တယ်တစ်ယောက် ကွယ်လွန်ပြီးတော်တော်ကြာမှ အိပ်မက်တွေလာပေးတဲ့အကြော်း အခုလိုပဲပြောပြလာပါတယ်။

“ကျွန်တော်ဘုန်းကြီးဝတ်ဖြစ်တာ အိမ်မက်တွေလည်းမကောင်းဘူး သေသွားခဲ့တဲ့ လူရွှင်တော်ရှက်တယ်ကို ညတိုင်းလိုလို အိပ်မက်မက်တယ် သူသေပြီးကတည်းက မမတ်ဖူးဘူး သုံးလေးရက်လောက်ရှိပြီ ညတိုင်းအိပ်မက်မက်တယ် သူခေါ်တဲ့နောက်ပျော်ပါးလျှောက်လိုက် နိုးလာတော့ အိပ်မက်ဖြစ်နေတယ် သင်္ကန်းဝတ်လိုက်ရတော့ ကျွန်တော့်ဆန္ဒတွေလည်းပြည့်ပါပြီ ခေါ်ရင်လည်းအသင့်ပါပဲ လူရွှက်တော်ရှက်တယ်နဲ့က လူရွှင်တော်စဖြစ်ကတည်းက သူနဲ့ ကျွန်တော့်အစ်မယောကျ်ားပေါ့ ကွဲသွားခဲ့ပါပြီ ကျွန်တော်တို့ကဘသူငယ်ချင်းတွေ ပွဲထွက်ပြီးတစ်ဇာတ်ထဲ တစ်ခြင်ထောင်ထဲအိပ်ခဲ့တာ ဆေးလိပ်အတို မနက်ဦးသူသောက်ကြေး အဲ့လိုနေခဲ့ကြတာ ဒီရက်ထဲဒီကောင်ကြီးကအိပ်မက်တွေလာပေးနေတယ်”


“အမှန်တော့ခန္ဓာပျက်ကိန်းရှိတယ် လူ့ဘဝကနေ ကူးပြောင်းပြီးတော့ ရဟန်းဘဝကို ကိုယ်လည်းစိတ်ပါတာနဲ့ ဝတ်ဖြစ်တာပါ ကိုးနဝင်းကျေအောင် ကျွန်တော်ကိုးရက်ဝတ်မှာပါ သာသနာမှာပျော်ရင်လည်း တစ်လဖြစ်ရင်ဖြစ်မှာပေါ့” လို့ ဘုန်းကြီးဝတ်ဖြစ်တဲ့အကြောင်းလေးကို Fashion Magazine Myanmar နဲ့အင်တာဗျူးလေးမှာဖြေဆိုခဲ့ပါတယ်။

ဟာသသရုပ်ဆောင်လန်ဒန်ကတော့ ဘုန်းကြီးမဝတ်ဖြစ်ခင်ကအထိ စိတ်တွေမောနေပေမယ့် ကိုရီးယားမှာရောက်နေတဲ့ သရုပ်ဆောင်မင်းသား ကောင်းခန့်ရဲ့ ကူညီမှုကြောင့် သာသနာ့ဘောင် ဝင်ချင်နေတဲ့ ဆန္ဒလေး အထမြောက်သွားခဲ့တယ်လို့ဆိုပါတယ်။

“ကျွန်တော်မဝတ်ခင်ကအထိ စိတ်မောနေတယ် ကျွန်တော်အပါအဝင်ကျောင်းရှိသံဃာ ၁၃ပါးအတွက်သိမ်ဆင်းဖို့ရယ် ဆွမ်းကပ်ဖို့ရယ်စိတ်ထဲမောနေပေမယ့် ချက်ချင်းပိုက်ဆံပို့ပေးတယ် ဒါကျွန်တော့်ရဲ့ရဟန်းဒကာပေါ့ သူလည်းကုသိုလ်ရ ကိုယ်လည်းဆန္ဒပြည့်တာပေါ့ အရင်ကတော့သူငယ်ချင်းတွေနဲ့ဝတ်တယ် အခုတော့ တစ်ယောက်တည်းပေါ့ ကျွန်တော့်ကိုထာဝရပဒေသာပင်စိုက်ပေးတဲ့ကောင်းခန့်ကိုလည်းကျေးဇူးတင်ပါတယ် ကျွန်တော်က ကျန်းမာရေးကလည်းကောင်းတာမဟုတ်ဘူး ကျွန်တော့်အလှူရှင်ကြည်နူးနိုင်ဖို့ ကုသိုလ်ကောင်းမှုကိုကောင်းစွာကျင့်သုံးပြီး သာသနာမှကျင့်သုံးသွားမှာပါ”

“အမေ့ဆီကတော့ ခွင့်တောင်းရတာပေါ့ ပြီးတော့ဆိုင်ရာကိုခွင့်တောင်းရတာပေါ့ အခုအချိန်အခါကြီးမှာ ကျွန်တော့်အပေါ်မုန်းသည်ဖြစ်စေ ချစ်သည်ဖြစ်စေအားပေးနေကြတဲ့ ရာဟုအပါအဝင် ၈ရက်သားသမီးများအတွက် ကုသိုလ်ကောင်းမှုပေးဆပ်သွားမယ် ပရိသတ်တွေကလည်း သာဓုသုံးခါခေါ်ပေးနိုင်ကြပါစေ” လို့ လန်ဒန်ကတော့ ဆိုထားပါတယ်။

Source – Fashion Magazine Myanmar
Shwe Yaung Myanmar ( Writer – LLA )

Leave a Reply

Your email address will not be published. Required fields are marked *