အောင်ရဲလင်း ရဲ့ အတွင်းခံ ပုံတွေကို စီစဥ်ပေးခဲ့တဲ့အကြောင်း ပြောပြလာတဲ့ မထက်

Posted on

မထက်ကတော့ မင်းသားချော အောင်ရဲလင်းရဲ့ ပင်တိုင်အလှဖန်တီးသူတစ်ယောက် ဖြစ်သလို အလှဖန်တီးရှင်လောကမှာထင်ရှားသူတစ်ဦးပါ ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ မထက်က အောင်ရဲလင်း ရဲ့ အတွင်းခံ ပုံတွေကို စီစဥ်ပေးခဲ့တဲ့အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်


အောင်ရဲလင်းအခု တခေါက် Boxer နဲ့ရိုက်တာက အမ မပါဘူး အရင်တုန်းကရိုက်သမျှ Boxer နဲ့ရော အတွင်းခံနဲ့ရော ရိုက်တာ အမ အကုန်စီစဉ်ပေးတာပေါ့ အခုလည်း အမ မောင်လှိုင်ဗညားနဲ့ပဲရိုက်တာပါအမလည်း မအားဘူး သူကတော့ပြောတယ် ထက်လာပါလားတဲ့ အဲ့နေ့က သူ Halloween ရိုက်မှာပေါ့နော် သူက အရိုးခေါင်း ပုံစံချယ်မှာဆိုတော့ အမက အဲ့ဒါမချယ်ဘူး အမဆိုင်က ဂူဂူးချယ်ပေးတာ ဒါပေမယ့် အမကကြတော့ သိပ်မအားတော့တာနဲ့ မသွားဖြစ်လိုက်ဘူး


သူမရိုက်ခင်ကတည်း ပုံကတော့ပြပြီးသား သူဒီပုံရိုက်မှာပေါ့ သူ့မှာက Reference ရှိပြီးသားပုံကတော့ မိုက်ပါတယ် ကိုယ်က ယုံကြည်ပြီးသား သူ့ကို အမလည်း ဒီလိုရိုက်တာကြိုက်တယ် ကိုယ့်မင်းသားပဲ အားပေးပါတယ်

ကိုအောင်ရဲလင်းက ကိုယ့်မင်းသားမို့လို့ပြောတာမဟုတ်ဘူး မြန်မာလိုလေးဝတ်ဝတ် ဘယ်လိုလေးဝတ်ဝတ် ကြိုက်တာဝတ်အကုန်အဆင်ပြေတယ်အသက်အရွယ်တခုရောက်လာလေ မိုက်လေပေါ့သူ့ကိုလည်း အားပေးပါတယ် အရင်တုန်းကဆို အဲ့လိုမျိုး Sexy ဆန်ဆန်တွေ အရမ်းရိုက်တာ
ရိုက်တယ်ဆိုတာလည်း အမရဲ့ မွှေမှုနှောက်မှုတွေနဲ့ ရိုက်တာပေါ့နော်


အမမောင်လေး လှိုင်ဗညားနဲ့ပဲ ရိုက်ဖြစ်တာများတယ် သူကရိုက် အမက မိတ်ကပ်လိမ်း အဝတ်အစားတွေစီစဉ်ပေးပေါ့ ဒီနှစ်နောက်ပိုင်းမှာကြတော့ လူတွေကို ထုတ်မပြတဲ့ပုံတွေတောင်ရှိတယ် အမတို့ရိုက်တာ အရမ်းများလာတယ် သူများတွေလည်း ရိုက်လာတဲ့အခါမျိုးမှာ အမဆီဒိုးနားမှာရိုက်ထားတာမှတ်မှတ်ရရ အိပ်ရာထဲကပုံတွေ ရေချိုးခန်းမှာရိုက်ထားတဲ့ပုံတွေရှိတယ်

ဒါပေမယ့် အမက သူ့ကို မင်းသားရယ် ထက်တို့ ဒါကို မတင်တော့ပဲနေရအောင်လို့ ဘာလို့ဆို အဖော်အချွတ်တွေလည်း အရမ်းများနေပြီ လူတွေလည်း တမျိုးထင်တာမျိုးဖြစ်မယ် မရိုက်တော့ဘူး ဆိုပြီးတော့ မှတ်မှတ်ရရသူအဲ့ဒီတုန်းက ကတုံးနဲ့ အမတို့ မတင်တော့တာတွေရှိတယ်ပေါ့နော်” လို့ ဆိုလာခဲ့တာဖြစ်ပါတယ် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)

Leave a Reply

Your email address will not be published. Required fields are marked *