ကိုဗစ်ကာလမှာ အလိုက်မသိတဲ့ ပရိတ်သတ်တွေကြောင့် စိတ်ဆိုးသွားတဲ့ အကြောင်းပြောလာတဲ့ ဖွေးဖွေး

Posted on

ပရိသတ်အချစ်တော် သရုပ်ဆောင်ဖွေးဖွေးကတော့ မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့အပြင် ပရိသတ်အခိုင်အမာရရှိထားတဲ့ အကယ်ဒမီဆုများရှင်ပဲဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ ကိုဗစ်ရောဂါပြန့်ပွားမှုနှုန်းမြင့်တတ်နေပြီး ရိုက်ကူးရေးတွေ ရပ်နားထားပေမယ့် ပရိသတ်တွေကတော့ ဖွေးဖွေးရဲ့လှုပ်ရှားမှုမှန်သမျှကို သဲသဲလှုပ်အားပေးနေဆဲပါပဲ။

ဇာတ်ကားရိုက်ကူးမှုတွေနားထားပေမယ့် ဖွေးဖွေးရဲ့ သွက်လက် ပွင့်လင်းတဲ့ အပြောအဆို အပြုအမူလေးတွေကိုတော့ လူမှုကွန်ရက်စာမျက်နှာမှာ ပရိသတ်ကြီး တွေမြင်နေကြရမှာပါ။

ပရိသတ်တွေကို ဂရုစိုက်တဲ့ ဖွေးစိန်တစ်ယောက် သူ့ဖန်တွေကို ဒီကာလကြီးမှာ ဂရုတစိုက်နေကြဖို့ ချစ်စဖွယ်ပို့စ်လေးတွေနဲ့ မှာကြားလေ့ရှိသလို အခုလည်း စိတ်ကောက်တယ် ဆိုတဲ့ ပို့စ်လေးနဲ့ ပရိသတ်ကို mask တွေ မချွတ်ဖို့ အသိပေးလိုက်ပြန်ပါတယ်။

ဖွေးစိန်လေးကတော့

“ခုလိုချိန် မှာ မဖြစ်မနေ အပြင်သွားရလို့ Selfie လေးရိုက်မို့ maskအတင်းချွတ်ခိုင်းတဲ့ တချို့သူ So-Called Fans တွေ က ကျွန်မကို တကယ်မချစ်လို့ပဲ! လို့သတ်မှတ်တယ်! မချွတ်ပေးနိုင်ဘူး! ဒါပဲ!
စိတ်ကောက်တယ်။ ဒါနဲ့ Take Care My Beloved Darlings.. လွမ်းနေမယ်… :’)” ဆိုတဲ့ စာသားလေးနဲ့ ချစ်စဖွယ်ပို့စ်လေးတင်ကာ mask အတင်းချွတ်ခိုင်းတဲ့ပရိသတ်တွေကို စိတ်ကောက်ထားပါတယ်။

ပရိသတ်ကြီးလည်း ချစ်ရတဲ့ဖွေးစိန်လေးစိတ်မကောက်ရအောင် ဒီကာလအတွင်းမှာ ကျန်းမာရေးအသိကို မလွတ်တမ်းဆုပ်ကိုင်ပြီး ကိုယ့်အတွက်ရော ချစ်ရတဲ့သူတွေအတွက်ပါ ကိုယ်ကစပြီး ဂရုတစိုက်နေဖို့ မမေ့ကြပါနဲ့နော်။

Yin Khat Pan ( Writer – LLA )

Leave a Reply

Your email address will not be published. Required fields are marked *