ကိုဗစ်ကာလ မှာ မိန်းမတစ်ယောက်ရဲ့ လုပ်ရက်တစ်ခုကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့ အကြောင်းကို ပြောပြလာတဲ့ မအေးသောင်း

Posted on

အခုလက်ရှိမှာ တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်နေတဲ့ Covid 19 ကပ်ရောဂါဟာ ကူးစက်မှုနှုန်း မြင့်မားလာတဲ့အတွက် ရောဂါသတင်းကြားရရုံနဲ့ လူတိုင်း ထိတ်လန့်နေကြတာပဲဖြစ်ပါတယ်။

ရောဂါပျံ့နှံ့မှုနှုန်း လျှင်မြန်တာကြောင့် ကူးစက်မှာစိုးရိမ်ကြတဲ့ သာမန်ပြည်သူတွေဟာလည်း ဘေးပတ်ဝန်းကျင်က အသွားအလာများတဲ့လူတွေအပေါ် သံသယတွေနဲ့ ဆက်ဆံနေကြတာကြောင့် လူမှုအသိုင်းအဝန်းမှာလည်း အခက်တွေ့စရာတွေ ဖြစ်လို့လာပါတယ်။

ကိုဗစ်ရောဂါ ကူးစက်ခံရသူ အသွားအလာကန့်သတ်ခံ သူတွေကို ပတ်ဝန်းကျင်က ရာဇဝတ်သားလို ထိုးနှက်ဆက်ဆံကြတဲ့အတွက် ဒါကိုတားမြစ်တဲ့ ပညာပေးpostတွေကိုလည်း အနည်းနဲ့အများ မြင်တွေ့ရမှာပါ။

ရောဂါပိုးကူးစက်ခံရတာနဲ့ လူတွေပါးစပ်ဖျား ပြောစရာဖြစ်ရပုံကို ပျိုမေတွေဝန်းရံနေတဲ့ မဝင်းမင်းသန်းကလည်း သူ့ရဲ့ကိုယ်ပိုင် အကောင့်နဲ့ postတင်ထားပါသေးတယ်။

ဒီpostလေးကို ရှဲရင်း သူ့အတွေ့အကြုံလေးကို ပြောပြသွားသူကတော့ ပရိသတ်အားပေးမှုကို ရရှိနေတဲ့ မင်းသမီးလေး အေးသောင်းပဲဖြစ်ပါတယ်။

မအေးသောင်းကတော့ သူ့ရဲ့ကိုယ်တွေ့ဖြစ်ရပ်လေးကို ဒီလို ရေးသားပြောပြခဲ့တာပါ။

” အမှန်ပါပဲ မနေ့ကအိမ်ပြန်တာတောင်လမ်းထဲက မိန်းမတစ်ယောက်က လမ်းလျောက်လာပြီး ခြေဆုံးခေါင်းဆုံး ကားနားထိလာပြီး ခါးထောက်ကြည့်နေသေးတာ။ ကိုယ်လဲစဉ်းစားလို့မရဘူး။ ဘာလို့အကြာကြီးကြည့်နေလဲဆိုတာ။ Victim blaming ကို လုံးဝအားမပေးပါဘူး ရှင်။”

ဒီကာလမှာStay Home နေကြသူတွေရှိပေမယ့် တာဝန်နဲ့ဝတ္တရားအရ လုပ်ရကိုင်ရ သွားရလာရသေးတဲ့သူတွေလည်းရှိသေးတာကြောင့် သတိထားတာကောင်းပေမယ့် တပါးသူအပေါ်သံသယနဲ့ ဆက်ဆံတာကတော့ အဆင်မပြေလှပါဘူး။

ဒါ့ကြောင့် တပါးသူအပေါ် သံသယတွေနဲ့ တစ်ဖက်စောင်းနင်းမြင်နေမယ့်အစား ကိုယ်ကိုတိုင် တတ်စွမ်းနိုင်သမျှ ကာကွယ်ရင်း ကိုယ်ကစပြီး တပါးသူကိုမကူးစက်အောင် နေထိုင်ကြဖို့ စေတနာရှေ့ထားပြီး အသိပေးလိုက်ပါတယ်နော်။

Yin Khat Pan ( Writer – LLA )

Leave a Reply

Your email address will not be published. Required fields are marked *