ရခိုင်ပြည်သူတွေအတွက် လက်တွဲပူးပေါင်းပြီး ကူညီနေကြတဲ့ ဝေဠုကျော်နဲ့ နေထက်လင်း

Posted on

လက်ရှိမှာရခိုင်ပြည်နယ်မှာရှိတဲ့ မြို့တော်တော်များများ မှာ COVID ရောဂါ ဖြစ်ပွားနေတာကိုအားလုံး အသိပဲဖြစ်မှာပါ။

wlk.jpg

ဒီဒေသကို ပြည်သူတွေနဲ့ အနုပညာရှင်တွေတော်တော်များများကလည်း COVID ထိန်းချုပ်ရေးမှာ လိုအပ်တဲ့အရာတွေကို လှူဒါန်းနေတာလည်း တွေ့ရပါတယ်။

wlk1.jpg

လက်ရှိမှာတော့ ဝေဠုကျော်ဖောင်ဒေးရှင်းနဲ့ သရုပ်ဆောင်နေထက်လင်းတို့က လိုအပ်တာတွေကို စတင်ကူညီပေးနေပြီဖြစ်ပါတယ်။

wlk2.jpg

“အမြန်ထိန်းချုပ်ကာကွယ်ဖို့ အစစအရာရာ လိုအပ်နေပါတယ်။ အနယ်နယ်အရပ်ရပ်မှ  ရခိုင်ပြည်နယ် ကပ်ရောဂါ အတွက် ပေးပို့ လှူဒါန်းလိုသူများ၊  တိုက်ပွဲရှောင် နဲ့ ဆင်းရဲသား လက်လုပ်လက်စားများအား ပေးပို့ လှူဒါန်းလိုသူများ ဆေးရုံများသို့ ဆေးပစ္စည်းများ ကာကွယ်ရေး ပစ္စည်းများပေးပို့ လှူဒါန်းလိုသူများ အနေဖြင့် ဝေဠုကျော်ဖောင်ဒေးရှင်း သို့ ပို့ဆောင် ပေးလို့ရပါတယ်။ ဖောင်ဒေးရှင်းမှလဲ အရင် သံတွဲ၊ဘူးသီးတောင်၊မောင်တောတို့အတွက် ကာကွယ်ရေးပစ္စည်းတွေ ပို့ဆောင်ပေးခဲ့ပြီး ယခု လဲ တတ်နိုင်သလောက် ကနဦး ပေးပို့လိုက်ပြီး နောက်ထပ်လဲ ထပ်မံ ပေးပို့ပေးသွားမှာပါ။ အရင် တိုက်ပွဲရှောင်တွေ ကူညီဖို့ ဖွဲ့စည်းထားသော

သရုပ်ဆောင် ကိုနေထက်လင်း က ဥက္ကဌ ကိုဝေဠုကျော်က ဒုဥက္ကဌ အဖြစ် ပါဝင်သော  ရခိုင် COVID 19 ကာကွယ် ထိန်းချုပ် ကူညီထောက်ပံ့ရေးအဖွဲ့ မှ ရခိုင်ပြည်နယ် COVID19 ကာကွယ်ထိန်းချုပ်ရန် အရေးပေါ် လိုအပ်နေသော မြို့များသို့ နယ်ခံ အဖွဲ့သားများနဲ့ ချိတ်ဆက်ပို့ဆောင် ဖြန့်ဝေပေးပါမယ်။ လှူဒါန်းပေး ပို့လို့ရပါပြီ” လို့ ဝေဠုကျော်ကမျှဝေပေးထားတာဖြစ်ပါတယ်။

wlk3.jpg

Photo Credit

Credit – MyanmaPlatform

Leave a Reply

Your email address will not be published. Required fields are marked *