အဝေးပြေးယာဥ်လိုင်းများ စက်တင်ဘာလ ၆ ရက်နေ့ မှာ ပိတ်မယ်ဆိုတာ လုံးဝ မဟုတ်ပါ

Posted on

ရန်ကုန်အခြေပြုပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်းများ လာမည့် စက်တင်ဘာလ ၆ရက်နေ့တွင် ပြေးဆွဲမှုရပ်နားသွားမည်ဆိုသည့် သတင်းမှာ မဟုတ်ကြောင်း YRTA အဝေးပြေးတာဝန်ခံ ဦးဘမြင့်က မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။

Image may contain: 3 people, people standing and outdoor

“ယာဉ်လိုင်းတွေပိတ်ဖို့ အမိန့်ညွှန်ကြားချက်တစ်စုံတစ်ရာမရှိပါဘူး။ ပုံမှန်အတိုင်းပြေးဆွဲနေပါတယ်။ ။ ကန့်သတ်ထားတဲ့ ကန့်သတ်ချက်တွေအတွင်းမှာ ဝင်အောင်ပြေးဆွဲပေးနေတယ်။ အခုရခိုင်ပြည်နယ်မှာ Stay Home တွေ ညွှန်ကြားထားတော့ ရခိုင်ယာဉ်လိုင်းတွေ အကုန်ပြေးဆွဲမှုမရှိတော့ဘူး။ ဧပြီ မေလ လောက်မှာ ယာဉ်လိုင်းပြေးဆွဲမှု လုံးဝရပ်သွားတဲ့ အနေအထားမှာရှိတယ်။ အခုနောက်ပိုင်း ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့ အညီ ပြေးဆွဲပေးနိုင်နေတာဖြစ်တယ်” လို့ YRTA အဝေးပြေးတာဝန်ခံ ဦးဘမြင့်ကပြောပါတယ်။

No photo description available.

လက်ရှိ အဝေးပြေးယာဉ်လိုင်းအားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော ညွှန်ကြားချက်များအတိုင်း ပြေးဆွဲပေးရန် YRTA အနေဖြင့် စီမံကြီးကြပ် လျက်ရှိကြောင်း သိရပါတယ်။

Image may contain: one or more people and people standing

“ကျွန်တော်တို့ကားတွေမှာ ထိုင်ခုံနှစ်ခုံကို တစ်ယောက်ပဲ စီးခွင့်ရှိတယ်၊ ပလတ်စတစ်တွေအကုန်ရှေ့နောက်ကာ ထားပေးတယ်။ နှစ်ယောက်ခုံပေမယ့် တစ်ယောက်စာပဲ ကောက်ခံတယ်။ ခရီးသည်ကိုက အသွားအလာနည်းသွားတော့ တွက်ချေကိုက်မှုတော့မရှိဘူး အဆင်ပြေအောင်ပြေးနေရတာပဲ။ အခုနေပြည်တော်ပြေးရင်တော့ ရပ်ကွက်ထောက်ခံချက်တွေယူရတယ်” လို့ ရွှေမန္တလာယာဉ်လိုင်း တာဝန်ခံ ဦးအောင်မြင့်ဆွေ ကပြောပါတယ်။

Image may contain: one or more people, people standing and indoor

ရန်ကုန်တိုင်းဒေသကြီးတွင် အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် ဒဂုံဧရာအဝေးပြေးဝင်းတို့မှ ယာဉ်လိုင်းပေါင်း ၂၁၈ လိုင်းပြေးဆွဲပေးလျက်ရှိပြီး ယာဉ်အစီးရေ ၈၂ဝဖြင့် ခရီးသည်ပေါင်း ၈၉၀၀ ကျော်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရပါတယ်။

YMC
Credit – MyanmaPlatform

117545743_4174401475935499_638506478459329100_o.jpg

Leave a Reply

Your email address will not be published. Required fields are marked *