ယခုလမှာ သိန်း ၅၀၀ ကံထူးသွားတဲ့ အွန်လိုင်းဆယ်လီ မယ်သခင်

Posted on

အလင်းသခင်လို့ပြောလိုက်ရင် အွန်လိုင်းပေါ်ကနေ ဒိတ်ဒိတ်ကြဲ ဝုန်းတတ်တဲ့သူတစ်ယောက်ဆိုတာ အားလုံးသိကြမှာပါ။ Troll ချက်တွေကလည်း ကောင်းသလားမမေးနဲ့။ အိုက်တင်အမူအရာတင်မဟုတ်ဘဲ ဖက်ရှင်ဒီဇိုင်းတောင်ပါလိုက်သေး။

အလင်းသခင်ကတော့ ပရိသတ်တော်တော်များများကအားပေးရတဲ့သူတစ်ယောက်ပါ။ ဟာသလေးတွေမျိုးစုံဖန်တီးပြီး အခုနောက်ပိုင်းမှာရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်ရိုက်ကူးဖို့ရှိကြောင်းသူ့ရဲ့ပရိသတ်တွေကို အသိပေးခဲ့တာပါ။

ဒါ့အပြင်အခုနောက်ပိုင်းမှာလည်း ရရင်ရသလိုအလှူတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အလင်းသခင်ကတော့ ဒီနေ့ သြဂုတ်လ ၁ရက်နေ့မှာ သိန်း၅၀၀ထီဆုကြီးကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

” သိန်းငါးရာ ထီပေါက်လို့ အရမ်းကိုပျော်ရွှင်ရပါတယ် ဗျမွေးလမှာ ကံကောင်းနေတာ ” ဆိုတဲ့စာလေးနဲ့သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးခဲ့တာပါ။

မိဘကို သိတတ်တဲ့သူတွေကတော့ ဘယ်သူပဲဖြစ်ဖြစ် ကျေးဇူးသိတတ်မှုရဲ့ အကျိုးကို တစ်နေ့ခံစားရမှာဖြစ်လို့ အားလုံးပဲ မိဘ ဆရာ သမားတွေအပေါ်မှာ ကျေးဇူးသိတတ်ကြပါလို့….

Source: Ah Linn Tha khin

Leave a Reply

Your email address will not be published. Required fields are marked *