သိန်း(၃၀၀)ကျော် တန်ဖိုးရှိ နာရီတစ်လုံး ဖခင်ဖြစ်သူဆီက လက်ဆောင်ရခဲ့လို့ အရမ်းပျော်နေတဲ့ နေခြည်ဦး

Posted on

နိုင်ငံကျော် အနုပညာရှင်၊ Social Influencer တစ်ဦးဖြစ်တဲ့ နေခြည်ဦးက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်လာသူလေးတစ်ယောက် ဖြစ်ပါတယ်။ အမြဲတမ်း fashionable ဖြစ်ပြီး ခေတ်ရှေ့ပြေးနေတဲ့ နေခြည်ဦးရဲ့ ဖက်ရှင်တွေကလည်း

ပရိသတ်တွေအတွက် စိတ်ဝင်တစား စောင့်ကြည့်အားပေးရတဲ့ အရာတစ်ခုပါပဲ။ နေခြည်ဦးကလည်း တစ်နေ့ထက်တစ်နေ့ မရိုးနိုင်တဲ့ဖက်ရှင်တွေနဲ့ ပရိသတ်တွေရဲ့ စိတ်အာရုံတွေကို ဖမ်းစားထားနိုင်တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေခြည်ဦးက သူမရဲ့ ဖခင်ဆီကနေ

လက်ဆောင်ရတဲ့ နာရီတစ်လုံးကို ပရိသတ်တွေဆီ ထုတ်ကြွားလာပါတယ်။ နေခြည်ဦးရဲ့ ဖေဖေဝယ်ပေးတဲ့ နာရီက Hublot တံဆိပ် Spirit Of Big Bang Meca-10 ဆိုတဲ့ နာရီအမျိုးအစားဖြစ်ပြီး မြန်မာငွေ သိန်း(၃၀၀)ကျော် တန်ဖိုးရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် နေခြည့်ရဲ့ အပျော်လွန်နေတဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။နေခြည်ဦးကတော့

မိသားစုရဲ့ သမီးဦးလေးတစ်ယောက်ပီပီ ဖခင်ဖြစ်သူရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖေဖေချစ်တဲ့သမီးလေးဖြစ်တဲ့ နေခြည်ဦးကို အားကျနေပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Nay Chi Oo’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *