သာယာဝတီအကျဉ်းထောင်ဆီသွားရောက် လှူဒါန်းဖို့ ပြင်ဆင်နေတဲ့ဘုန်းလျှံ

Posted on

တစ်ချိန်က ဗီဒီယို ဇာတ်ကားတွေမှာ ဇာတ်ပို့မင်းသားအဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားဘုန်းလျှံဟာ လက်ရှိမှာပရဟိတအလုပ်တွေကိုတတ်စွမ်းသလောက်ပြန်လည်လုပ်ကိုင်နေလျက်ရှိပါတယ်။သူ့ခေတ်သူ့အခါက ဗီဒီယို ဇာတ်ကားတွေမှာအတော်လေးအောင်မြင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဘုန်းလျှံဟာအနုပညာအလုပ်တွေကိုပြန်လည်လုပ်ကိုင်လျက်ရှိပြီး ပရိသတ်တွေနဲ့နီးစပ်အောင်ကြိုးစားလျက်ရှိပါတယ်။

ဘုန်းလျှံ ကအနုပညာအလုပ်တွေအပြင် ပရဟိတအလုပ်တွေလည်း ကိုယ်တိုင်လည်း လှူသလိုလုပ်အားပေးမှုများစွာလည်း လိုက်လုပ်ပေးလျက်ရှိပါတယ်။ ဒီနေ့မှာလည်း ဘုန်းလျှံ က သာယာဝတီအကျဉ်းထောင်ဆီ သွားရောက်လှူဒါန်ဖို့ပြင်ဆင်လျက်ရှိပါတယ်။”မနက်ဖြန်အလှုအတွက်ကိုယ်တိုင်လုပ်အားပေးရတာပေါ့ဗျာ…..ပါဝင်ကူညီလှုဒါန်းပေးကြတဲ့သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများကိုလည်းအထူးကျေးဇူးတင်ပါတယ်ဗျ….”ဟုဆိုပါတယ်။

ဘုန်းလျှံက သူ့ရဲ့အပေါင်းအဖော်တွေကိုပါဝင်ကူညီဖို့တောင်းဆိုထားပြီး အားလုံးရဲ့ စုပေါင်းအလှူလေးအဖြစ် သွားရောက်လှူဒါန်းဖိုပြင်ဆင်နေပါတယ်။celepedia ပရိတ်သတ်တွေလည်း ဘုန်းလျှံရဲ့အလှူလေးကိုကြည့်ရင် ပီတိတွေဖြစ်မိမယ်လို့ထင်ပါတယ်နော်။

Source-Bhone Hlan
Credit- Celepedia

Leave a Reply

Your email address will not be published. Required fields are marked *