လေဖြတ်နေ တဲ့ အသက် (၇၀)ကျော် အမေ ကို အိမ်ဖော် နဲ့ ထားခဲ့ရပြီး မသင်္ကာ လို့ CCTV တပ်ကြည့်လိုက်တဲ့ အခါ

Posted on

ကျမ ဒီပို့စ် ကို ကျမ လို အိမ်အကူ မရှိ မဖြစ် ခေါ်ထားရသူ များ အတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ရခြင်းဖြစ် ပါတယ် …။ အိမ် မှာ ကျမ နဲ့ အသက် ၇၀ကျော် လေဖြတ်နေ တဲ့ အမေ ၂ယောက်ပဲ ရှိ ပါ တယ် …။ ကျမက (-)ရုံး က ဦးစီးမှူး တစ် ယောက် ပါ…။

အစကတော့ ကျမမောင်လေး မိသားစု က ကျမ ရုံးသွားချိန် အလှည့်ကျ လာနေပေးကြ ပါတယ်…။ ဖြစ်ချင်တော့ သူတို့က တာဝန် နဲ့ နယ်ကိုပြောင်းသွားတော့… ကျမ ရုံးကခွင့် ရက်ရှည်ယူ ရတယ်…။

အဲဒီအချိန် မှာ လက်ပံတန်း နယ်ဘက်က ကျမ ညီမ တစ်ယောက်က အသက် ၁၅ နှစ်လောက် ကောင်မလေး တစ်ယောက် ခေါ်လာတယ်… သာရဝေါနယ်ကတဲ့ …။ မိဘတွေက ကျဘမ်း လုပ်တယ်…။ လစာ ကိုတော့ ကျမညီမက တဆင့် ပေးပါတဲ့…။အဆက်အသွယ် လုံးဝမလုပ် ပါဘူးတဲ့…။

အသားမဲမဲ…မျက်လုံးပြူးပြူး နဲ့ ကလေးမလေးက ခပ်သွက်သွက်လေး ပါပဲ…။ ရောက်တာ နဲ့ မေမေ့လက်ကလေး ကို တရင်းတနှီးနဲ့ ပြေးကိုင်… မေမေ့ကုတင်ဘေးက စာပွဲပေါ်က အမှိုက်တွေသိမ်း …။ မေမေ့ ကို ဂရုစိုက်တန်ကောင်းပါ ရဲ့ …တွေးပြီး…သဘောကျခဲ့တယ်…။

ကျမရုံးကပြန်လာ ရင်လည်း သူက မေမေ့ကို ပြုစု ဂရုစိုက် အိမ် မှာ သန့်ရှင်းရေးတွေ လုပ်ထားတယ် …။ မေမေ့နားမှာ ပြုစုရင်း ပျင်းမှာဆိုးလို့ TV အပေါ်စက်အောက်စက် ကို မေမေ့အခန်းထဲ မှာ ထားပေးတယ်။ … အစပိုင်းတော့ တော်တော် အဆင်ပြေပါတယ်…။ ကျမတိုက်ခန်းက ၃ ထပ်အမြင့် ဆိုတော့… သူက အဝယ်တော်ပေါ့…။ တိုလီမိုလီလေးက အစ သူပဲ တက်လိုက်ဆင်းလိုက်နဲ့… ကျမနေထိုင်ရာ ပတ်ဝန်းကျင် မှာ တော်တော် သွားတတ်နေပြီပေါ့ …။

ဒီလို တစ်နှစ်ကျော်လာပြီး မှ သူ့ရဲ့ဟန်ဆောင်မှုတွေ သိရဖို့ ပေါ်လာ တယ်…။ ကျမ သတိမထားခဲ့မိဘူး…။ ကျမကလည်းရုံးကပြန်ရောက်တာနဲ့ မေမေ့ကို အရင်ဝင်ပြီးတွေ့တယ်…။ သူက မေမေ့နား မှာ ခြေဆုပ်လက်နယ် အမြဲရှိနေတယ်…

မေမေမျက်နှာမကောင်းဘူး ၊ နေကောင်းလားမေးတော့ ခေါင်းငြိမ့်ပြပြီး သူ့ကိုကြည့်နေ တယ်…။ မေမေက လေဖြတ်ထားတော့ စကားမပြောနိုင်ဘူး …။ ခြေ ၂ ဖက်စလုံး မလှုပ်နိုင်ဘူး…။ လက် တစ်ဖက်ကတော့ မြှောက်နိုင် တယ်…။ သူကတော့ မေမေ့ ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ပုံမှန်အတိုင်း စ နောက် နေတာပါပဲ…။ အဲဒီတော့ ကျမလည်း မရိပ်မိခဲ့ဘူး။…

တစ်ရက်မှာတော့ အခန်းထဲ မှာ ကျမနဲ့မေမေ ၂ယောက်ထဲ ရှိနေတုန်း… မေမေက အခန်းပေါက်ဝကိုကြည့်လိုက် လက်ကိုထောင်ပြလိုက် နဲ့ ဝူးဝါးဝူးဝါးနဲ့ စကားတွေပြောနေ တယ်…။ မေမေ ဘာပြောချင်တာလဲ ကျမက မေးနေတုန်း… သူက အခန်းထဲ ဝင်လာတော့ မေမေက သူ့ ကို လက်နဲ့ ထိုးထိုးပြပြီး ဘာတွေမှန်းမသိ အော်ဟစ်ပြောနေတော့တာပါ ပဲ…။

သူက မေမေ့ကို ပြေးဖက်ပြီး မေမေကြီး ဘာလဲ ဘာလဲ နဲ့ မေးတာကို မေမေက သူ့ကို လက်နဲ့အတင်းတွန်းထုတ်တာတွေ့ရတယ်…။ သူ့ကို ကျမ အဲဒီကစ မသင်္ကာဖြစ်လာ ခဲ့တယ်…။ ကျမ မိတ်ဆွေတွေနဲ့ တိုင်ပင်ပြီး ကျမရုံးပိတ်တစ်ရက်မှာ …သူ့ကို ဆွေ မျိုးတွေနဲ့ တစ်နေကုန် ဘုရားဖူး လွှတ် လိုက်ပြီး… တစ်အိမ်လုံးကို CCTV တပ်လိုက်တယ်…။

သူတို့လည်း မသင်္ကာတဲ့ ပုံစံ မဟုတ်ပဲ ပုံမှန်ခဲ့တယ် …။ တစ်နေ့မှာတော့ CCTV က အခြေနေ ကို ကြည့်ပြီး ကျမ အရမ်းလန့်သွားတယ် …။ ကြောက်ဖို့ကောင်းလိုက်တာ…။

သူက မေမေ့အခန်းထဲမှာ ရှိတာထက် အိမ်ပြင်ကို ကျမ ဘာမှ ခိုင်းမထား ပဲထွက်သွားတယ် …။ (သူ့ကိုလည်း ယုံကြည်သွားတော့… အရေးအကြောင်း ဆို လူမမာမေမေနဲ့ ထွက်ပေါက်မရှိမှာစိုး လို့ အိမ်သော့တစ်ချောင်းကို ဧည့်ခန်းထဲမှာ ချိတ်ထားခဲ့တယ်) ကျမ မရှိရင် အပြင်လုံးဝမထွက်ရဘူးလို့ မှာထားပြီးသား…။

ခုတော့ သူက မေမေတစ်ယောက် ထဲထားခဲ့ပြီး အပြင်ထွက်သွားတယ်…။ ပြန်လာတော့ ဆံပင်နီကြောင်ကြောင် နဲ့ မည်းမည်းပိန်ပိန် အသက် ၃၀ ရွယ် လူတစ်ယောက်ကိုခေါ်လာတယ်…။ နောက်ပြီး ထမင်းစားခန်းထဲ မှာ နှစ်ယောက်သား ထမင်းတွေစားကြ တယ်…။ အဲဒီကောင်က ရေခဲသေတ္တာထဲက ရေဘူး ကိုလည်း သူ့အိမ်အတိုင်း ဖွင့်သောက်နေ တာ…။

ဒီထက်ဆိုးတာ ကတော့ သူတို့နှစ်ယောက် ထမင်းစားခန်းထဲ မှာ… မဖွယ်မရာတွေ လုပ်နေကြတော့တာ ပါပဲ…။ ဒီထက်ပိုဆိုးသွားတာကတော့ မေမေ့အိပ်ခန်းထဲ ကို ၂ ယောက်စလုံး ဝင်သွားကြတော့တာ ပါပဲ…။ အဲဒီကောင် ဝင်လာတာ ကို မေမေရယ် ဝူးဝါးဝူးဝါးနဲ့ အော်လိုက်တာ…။ သနားလိုက်တာမေမေရယ်…။

အဲဒီကောင် က တန်းပေါ်က ပုဝါကို ယူပြီး မေမေ့မျက်လုံး ကို စည်းတော့… မေမေ အတင်းရုန်းကန်နေ ရှာတာ ။ မေမေ ကြောက်လို့ငြိမ်သွားတော့ မေမေ့စားပွဲပေါ်က အိုဗာတင်း တွေဖျော် မုန့်တွေယူစား TV ဖွင့်ကြည့်ကြပြီး မေမေ့နား မှာပဲ မဖွယ်မရာပွတ်သပ် လုပ်နေကြတာ…။ ကျမလေ… အရမ်းအံ့သြပြီး အိမ်အကူ ကို အရမ်း စက်ဆုပ် ရွံရှာလိုက်တာ…။ အဲဒီနေ့ ကျမရုံး က တပည့်ညီမနှစ်ယောက်က ကျမအိမ် လိုက်လာပြီး ကျမ ကို အမှားဖြစ်မှာဆိုး လို့ထိန်းပေးတယ်…။

ဘာမှမပြောပါ နဲ့ မသိယောင်ဆောင်နေပါဆိုလို့ ကျမ တော်တော် သည်းခံထား ခဲ့ရပါတယ်…။ သူကတော့ အပြုံးမပျက် မေမေ့နားက တဖဝါးမခွာ အရမ်း ကို ဂရုစိုက်ပုံ…။ မေမေကတော့ အနီးကပ် သူ့ကို အရမ်းကြောက်ပြီး… သူပြုသမျှ ခံနေရတဲ့ ကျမရဲ့ မေမေ …သနားစရာကောင်း လိုက်တာ …။ CCTV သာမကယ်ရင် ကျမ မေမေ ဘယ်အထိများ ခံစားနေရရှာမလဲ…။

လက်ပံတန်းက ညီမရောက်လာတော့ မှ သူ့ကို CCTV ဖွင့်ပြလိုက်တယ်…။ သူ အရမ်းလန့်သွားတယ် …။ ရဲစခန်းကိုလဲ မတိုင်ခဲ့ ပါဘူး…။ အကျယ်အကျယ်တွေလဲမဖြစ်ချင်ဘူး…။ ခုတော့ သူ့မြို့ ကို ပြန်ပို့လိုက်ပြီ… အိမ်အကူတွေ နှိပ်စက်ခံရတာ ကိုပဲ မမြင်ကြ ပါနဲ့ …။ အိမ်အကူတွေ နှိပ်စက်တာ ခံနေရတဲ့ ကျမ တို့လို အိမ်ရှင်တွေ လဲ ရှိပါတယ်…။ သက်ကြီးရွယ်အိုမိဘများ ကို အိမ်အကူ နဲ့ စိတ်ချလက်ချ မထားကြပါနဲ့ …။

Kyu Kyu

Leave a Reply

Your email address will not be published. Required fields are marked *