မီတာခတွေ လိုတာထက် ပိုမဆောင်ရစေဖို့ ပြုလုပ်ပေးသင့်တဲ့ အရာများ

Posted on

မီတာခတွေ လိုတာထက် ပိုမဆောင်ရစေဖို့ ပြုလုပ်ပေးသင့်တဲ့ အရာများ

မီတာခတွေ အများကြီးဆောင်နေရလို့ စိတ်ညစ်နေတဲ့သူတွေ ရှိပါတယ်။ ကိုယ်သုံးတာထက် ပိုပြီး မီတာခဆောင်နေရတယ်လို့ သံသယရှိနေရတာကလည်း တကယ့်ကို စိတ်ညစ်စရာ ကောင်းလှပါတယ်။ဒီအတွက် မီတာခတွေ မှန်မှန်ကန်ကန် ကျခံဖို့ သင့်ဘက်ကနေ ဒီအချက်တွေကို ပြုလုပ်ပေးရင်တော့ စိတ်ချမ်းသာမှုတွေ ရလာမှာပါနော်။

(၁) လျှပ်စစ်ပစ္စည်းတွေကို စစ်ဆေးပါ

မီတာခအတွက် စိတ်ပူရင် ကိုယ်သုံးတဲ့ လျှပ်စစ်ပစ္စည်းတွေ အကြောင်းကို သိဖို့ လိုပါတယ်။ မီးအားဆွဲတဲ့ လျှပ်စစ်ပစ္စည်းတွေလည်း ရှိတတ်လို့ ဒါတွေကို သတိပြုထားဖို့ လိုပါတယ်။

မီးချောင်းတွေက ဘယ်လောက်ပဲ မီတာတက်စေတယ်ဆိုတာအပြင် ရေခဲသေတ္တာ၊ အဲကွန်းစတဲ့ မီးအားဆွဲလွန်းတဲ့ ပစ္စည်းတွေ အသုံးပြုတဲ့အခါလည်း မီတာခများနိုင်တာကို သတိပြုသင့်ပါတယ်။

(၂) အသုံးပြုတဲ့ အကြိမ်ရေကို သတိပြုပါ

တစ်ခါတစ်လေကျ ကိုယ်သုံးတဲ့ ပမာဏကို မေ့ပြီး မီတာခ များနေတယ်လို့ ထင်မိတတ်ပါသေးတယ်။ မီတာခ မှန်မှန် ကျသင့်ဖို့ဆို ကိုယ် သုံးတဲ့ အရာတွေကို မှတ်သားထားတာက အကောင်းဆုံးပါ။

မီးချောင်း ဘယ်နှစ်ချောင်း သုံးတယ်။ ရေခဲသေတ္တာ၊ အဲကွန်းစတဲ့ မီးအားဆွဲတဲ့အရာတွေရဲ့ အသုံးပြုချိန်အပြင် ရေမော်တာ သုံးတဲ့ အကြိမ်အရေအတွက်နဲ့ မီးပူ၊ တီဗီ သုံးတဲ့ ကြာချိန်တွေကို ဂရုတစိုက်ကြည့်တာကလည်း သင့်မီတာခ မှန်၊ မမှန်ကို စစ်ဆေးလို့ ရပါတယ်။

(၃) မီတာစာရင်းတွေကို လတိုင်းကြည့်ပါ

အိမ်မှာ သုံးနေကျ အရာတွေကို မှတ်ထားပြီးရင် လုပ်ရမှာက လတိုင်း မီတာ ကွာခြားချက်ကို စစ်ဆေးကြည့်ပါ။

ပုံမှန် သုံးနေရက်နဲ့ မီတာခတွေ တိုးကျနေသလားဆိုတာကို မီတာစာရွက်ကို ကြည့်ရင် သိနိုင်သလို တကယ်ပဲ မီတာတွေ ပိုသုံးမိသလားဆိုတာကို မီတာဘုံးကို ကိုယ်တိုင် လစဉ် စစ်ဆေးကြည့်ခြင်းဖြင့် မီတာကုန်ကျစရိတ်ကို တွက်ချက်နိုင်ပါတယ်။

(၄) ပြောပါ

အကယ်၍ မီတာခတွေက မီတာဘုံးနဲ့ စာရွက်မှာ ကွဲလွဲမှု ရှိလို့ သင့်မှာ အပိုကုန်ကျငွေတွေ ရှိလာရင်တော့ မီတာဌာနကို သွားပါ။ ဒီအကြောင်းကို ဆွေးနွေးပါ။ဒါဆို သင့်မီတာစာရင်းကို နောက်လတွေမှာ ပြန်ပြီး တိကျဖို့ အခွင့်အလမ်း များပါတယ်။

(၅) မှတ်တမ်းတင်ထားပါ

မီတာခတွေ အလွဲအချော်တွေ ဖြစ်ပြီဆို မီတာဌာနနဲ့ စကားပြောစရာတွေ ရှိလာမှာပါ။ ဒါကြောင့် သင့်မီတာဘုံးတွေကို လစဉ်နဲ့ ဓာတ်ပုံမှတ်တမ်းတင်ထားဖို့ လိုအပ်ပြီး မီတာစာရွက်တွေနဲ့ တိုက်ကြည့်တာမျိုး လုပ်ပါ။

ဒါမှသာ သင့်အတွက် ဆုံးရှုံးမှုတွေ မရှိမှာ ဖြစ်ပါတယ်။

Kham

Leave a Reply

Your email address will not be published. Required fields are marked *