လူတိုင်း စီးပွားဖြစ်နေတဲ့ လှိမ့်ဝင် တည်သုံး အိုးနှစ်လုံး အဆောင်အကြောင်း

Posted on

“လှိမ့်ဝင်=တည်သုံး အိုးနှစ်လုံး အဆောင် အကြောင်း”

တစ်နိုင်ငံလုံးစိတ်ဝင်စားနေကြတဲ့ လှိမ့်ဝင်တည်သုံးယတြာက ကျွန်တော်စ ခဲ့တဲ့ ဇာတ်လမ်းပါ ။ အဖြစ်က ဒီလိုပါ ။

၁။ မိတ်ဆွေတစ်ယောက်နဲ့ ၂နှစ်ခွဲနေမှ ပြန်တွေ့တော့ သူ့မိသားစုကတော်တော်လေး အဆင်ပြေနေပြီး အရင် ထရံအိမ်လေးနေရာမှာ အာစီတစ်ထပ်တိုက်ကြီးနဲ့ပေါ့ အရမ်းကိုအဆင်ပြေပြီးနောက်ထပ်တိုက်တစ်လုံးတောင် ဆောက်နေတယ်လို့ ပြောပါတယ်။ သူ့လုပ်ငန်းက တအားလှိမ့်ဝင်သွားတာကို……… အဲ့… သူ့အိမ်ရှေ့အဝင် ဝ မှာ လှိမ့်ဝင် စဥ့်အရုပ်လေးကို အိမ်ဘက်လှိမ့်ဝင်နေတဲ့ ပုံချိတ်ထားတာတွေ့ရပါတယ် အိမ်ဧည့်ခန်းမှာတော့ စဥ့်အိုးလေးတည်နေတဲ့ပုံကို တင်ထားတာတွေ့ရပါတယ်…… မေးကြည့်တော့ လှိမ့် ဝင် တည် သုံးလေတဲ့…… စီးပွားဖြစ်တယ် လုပ်ငန်းကောင်းတယ်တဲ့ဗျာ……

၂။ ကျွန်တော်တို့ မြို့မှာ ထမင်းဆိုင်တစ်ဆိုင် ရှိတယ်… အရမ်းကိုရောင်းရတယ်…… အလှူပေးနေသလိုကိုရောင်းရတာ…သူတို့အိမ်မှာလည်း အိမ်ရှေ့သံတံခါး အုတ်ခုံမှာ အဲဒီ လှိမ့်ဝင် အရုပ်လေး အိမ်ဘက်ကို လှိမ့်ဝင်နေတဲ့ ပုံလေး တင်ထားတာတွေ့ရပါတယ်…သူ့ထမင်းဆိုင်ကတော့ လူတွေ လှိမ့်ဝင်နေတော့တာပါပဲဗျာ……

၃။ အဲ ဒါနဲ့ လူမဝင် လုပ်ငန်းမကောင်းတဲ့ သူနဲ့ အကြွေးတင်နေတဲ့မိတ်ဆွေ တစ်ယောက် နှစ်ယောက်ကို အဲဒီ အရုပ်လေး နှစ်ခုကို ထားဖို့ ပြောလိုက်တာ သူတို့လည်း ကျောက်ဆည် တပေါင်းပွဲနဲ့ကြုံတော့ စဥ့်ကူးက စဉ်အိုးသည်တွေ လာတာနဲ့ အဲဒီ အရုပ်လေးကို တစ်ရုပ်ကို အိမ်ရှေမှာထားပြီး တစ်ရုပ်ကို အိမ်ထဲမှာထားဖို့ ပြောလိုက်တာ အဲဒီ ၃ယောက်ဟာ ၆လအတွင်း လုံးဝ မဆပ်နိုင်တော့ဘူးလို့ ထင်ထားတဲ့ အကြွေးတွေ ကြေပြီး အဆင်ပြေ သူတွေဖြစ်နေပါပြီဗျာ………

”လှိမ့်ဝင် တည်သုံး” စဥ့်အိုးလေးတွေ ဘယ်လို ဓာတ်ဆင်ရတာပါလဲ”

အဲဒီလှိမ့်ဝင် တည်သုံး အရုပ်လေးတွေ က ဟို အရင် လောကီပညာရှင် (ဆန်းပညာရှင်) တွေ လုပ်သွားခဲ့တာပါ ။ ပညှပ်သွားရာ ဓါတ်သက်ပါ ဆိုသလို လူအများသုံးစကား လှိမ့်ဝင် ဆိုတာကို ယူပြီး လှိမ့်ဝင် နေတဲ့ …အရုပ်ကလေး တွေ ကို စီရင်ပေးသွားတာပါ ။

အဲဒီမှာ စဥ့်အိုး လေး ကို လှိမ့်ဝင်နေတဲ့ ကောင်လေး( ၂ ၄ ) ပုံ လေးပါ ။ စဥ့်အိုးကို ဘာလို့သုံးလဲ . တစ်ခြားဟာတစ်ခုခုကိုလည်း လှိမ့်ဝင် လို့ ရတာပဲ လို့ တွေးမိတော့ .. စဥ့်အိုး = ၃ ၁ ဆိုတာ အောင်စေ = အေးစေ = ၁ ၃ ကို ကက်ကင်းရိုက်သွားတယ် ထင်ပါ တယ် ။ လှိမ့်ဝင် ဆိုတာကတော့ဗျာ လှမ့်ဝင် = ၄ ၄ = ရွှေလာ = လူလာ = လိုရာ = ရလာ ဓါတ်ပေါ့.. လှိမ့်ဝင် ပြီးတော့ဘာလုပ်မလဲ ဆိုတော့ တည်သုံးလေ တစ်ရုပ်လုပ်သွားပါတယ်။ လှိမ့်ဝင်လာတဲ့ဟာတွေကို ဘုရားတည် ။ ကျောင်းတည် ။ ဇရပ် တည် ။ သာသနာ တည် နိုင်တဲ့ အထိ သုံး နိုင်ဖို့ လောကီဝိဇ္ဇာ အဘများက စီရင် သွားခဲ့တဲ့ ဓါတ်အရုပ်လေးတွေပါ ။

“ဘယ်လို သုံးမလဲ ၊ ဘယ်လို ဆောင်မလဲ”

သန ချေ ရပါတယ်။ အညံ့ခြေရပါတယ်။ ကိုယ့်စီးပွားအတွက် အထွဋ် အမြတ်ဆောင် မည့် ပစ္စည်းဟာ ကားနဲ့သယ်လားရင် အမျိုးသား အမျိုးသမီး ကလေး လူကြီး ကျော်ခွသွားတာ မျိုး ၊ ကားထိုင်ခံအောက်ထဲထည့် သယ်လာတာမျိုး တွေရှိတတ်ပါတယ်။ အဲဒီလို အညံ့ဓါတ်တွေ ကင်းဖို့ ဆားရည် (ရေ ၁ ဂါလံ ကို ဆား ၂ ဇွန်းထည့်ပြီး)ကို ဇလုံထဲထည့်ပြီး လက်ဆယ် ချောင်းက ဆေးဖြစ်စေ ဆိုပြီး ၃ ခါ ပြောပြီး လက်နှစ်ဖက်ကို ဇလုံထဲထည့်ပြီး သနပ်ခါး သွေးသလို လက်ယာရစ် မွှေပြီး ပါးစပ်မှလည်း ““ ဥုမ် သန သန သန အပေါင်း ထောင်သောင်း ကြေစရာ ကြေ ”” ဆိုပြီး ၃၇ ခေါက် ရွတ်ပြီး မှ အဲဒီ အရုပ် များကို ၎င်းရေနဲ့ ဆေးပါ ။ ပြီးမှ ၎င်း အရုပ်များကို ရေမွှေး (နဝင်းရေ) ရည်နဲ့ ပက်ဖြန်းပြီးမှာ အိမ်ဘက် သို့ အိုးလှိမ့် ဝင်နေတဲ့ ပုံ အိုး ကို အိမ်ဘက် အတွင်းသို့ ထားပြီး အိမ်ရှေ့မှာ ထားလိုက်ပါ ။ တည်သုံး အိုး လေးကိုတော့ အလုပ်စားပွဲ ၊ အိပ်ခန်းစားပွဲ ၊ အိမ်ထဲမှာ ထားထားလိုက် ထူးထူးခြားခြား အဆင်ပြေလာတာကို တွေ့ရပါလိမ့်မယ် ခင်ဗျာ ။

လှိမ့်ဝင်အိုးကို အိမ်အပြင် က နေ အိမ်ထဲ ဖက်ကို လှည့်ထားရပါမယ်။ ဖြစ်နိုင်ရင် အိမ်အဝင် အမြင့်တနေရာမှာထားပါ။ တည်အိုးကို မိမိအိမ်ထဲမှ-ဂဟပတိ အရပ်သို့ လှည့်ထားပေးပါ ။ ဂဟပတိအရပ်ဟူသည်

တနင်္ဂနွေ (သား-သမီး အတွက်) အ နောက်တောင် အရပ်ဟူ၍မှတ်ပါလေ။ တနင်္လာ (သား-သမီး အတွက်) အ နောက် စူးစူး အရပ် ဟူ၍မှတ်ပါလေ။ အင်္ဂါ (သား-သမီး အတွက်) အ နောက် မြောက် အရပ် ဟူ၍မှတ်ပါလေ။ ဗုဒ္ဓဟူး (သား-သမီး အတွက်) -မြောက် အရပ် ဟူ၍မှတ်ပါလေ။ ရာဟု – (သား-သမီး အတွက်) အ ရှေ့တောင် အရပ် ဟူ၍မှတ်ပါလေ။ ကြာသပတေး – (သား-သမီး အတွက်) အ ရှေ့စူးစူး အရပ် ဟူ၍မှတ်ပါလေ။ သောကြာ (သား-သမီး အတွက်) တောင် အရပ် ဟူ၍မှတ်ပါလေ။ စနေ -(သား-သမီး အတွက်) အ ရှေ့မြောက် အရပ် ဟူ၍မှတ်ပါလေ။

လှိမ့်ဝင်=တည်သုံး အိုးနှစ်လုံးကို မိမိမွေးနေ့မနက် ၆နာရီကနေရနာရီခွဲအတွင်း စတင်ပြီးထားပါ။ နေ့စဉ်ရှင်သီဝလိ ၁၀ ဂါထာရွတ်ပေးပါ။ (နေ့စဉ်ရွတ်ဆိုပါရန်) လှိမ့်ဝင်အိုးမှာကော တည်သုံးအိုးမှာပါ ငွေ ၃၆၀၀ ကျပ်စီထည့်ပေးထားပါ။

သိသိသာသာငွေဝင်လာပါလိမ့်မည်။ ချေးထားပြီးပြန်မရသောငွေများ အရူံးပေါ်နေသောလုပ်ငန်းများ ငွေကြေးကိစ္စနဲ့ပတ်သက်သောလုပ်ငန်းကိစ္စမှန်သမျှ သိသိသာသာ အဆင်ပြေလာပါလိမ့်မည်။ ငွေကံပွင့်လာပါက မကြာခဏဒါနပြုပါ။ ပံ့သကူဒါနပစ်ပါ။ ငွေအိုးကြီးလှိမ့်ယူလာပြီ ရွှေတွေတည်သုံးမည်။

လူ မ ဝင်သော ဆိုင်များ တည်းခိုခန်းများ ဟိုတယ်များ လူများလှိမ့်ဝင်လာ ပါလိမ့်မယ် ။ အရောင်းအဝယ် လုပ်ငန်းများ သိသိသာသာတိုးတက်လာ တာကို တွေ့ရပါလိမ့်မည် ။ တစ်ပတ် လောက် လှိမ့်ဝင်နေပြီး နောက်ပိုင်းနည်းနည်း ပါးသွားတာ မျိုးဖြစ်ခဲ့ရင်တော့ လှိမ့်ဝင် အရုပ်ကလေး ကို မျက်နှာသစ်ပေးလိုက်ပါ ။ ပြီးတော့ ရေမွှေးလေး ဖြန်ပေးလိုက်ပါ ။ ပြီးတော့ ““လာထား လာထား”” ဆိုပြီး လက်ခုတ်တီးပြီးပြောလိုက်ပါ ။ ဝင်လာပါလိမ့်မယ်ဗျာ .. ပထမဆုံး ဝင်သောငွေမှ အနည်းအကျင်းကို ဘုရားလှူ လိုက်ပါ ။ ပြီးမှ ကျန်တဲ့ ပိုက်ဆံကို သုံးပါလေ ။ ပထမ ဆုံးဝင်တဲ့ ပိုက်ဆံကို အနိဌ ပစ္စည်းတွေ ဝယ်မသုံးလိုက်ပါနဲ့ ။

နောက်ပြီး လာဒ်တိတ်စေ တဲ့ အကြောင်းတရားတွေ ကို ရှောင်ပေးရပါတယ်။ အရင် က ရေးခဲ့ဖူးပါတယ်။ အခုပြန်ရေး ပြလိုက်ရပါတယ် ဗျာ။

၁။ မနက် အိပ်ယာထလျှင် အိမ်သာ ထဲသို တန်း မသွားရ ၊ မီးဖို ချောင်ထဲသို့ တန်းသွားပြီး မီးမွေးခြင်း ထမင်းအိုးတည်းခြင်း တန်းမလုပ်ရပါ။ လာဒ်တိတ်တတ်ပါသည်။ ၂။ ထမင်းစားလျှင် ဘေးမှာကျနေသာ အမှိုက်များကို ထမင်းစားပြီး လျှင် မိမိပန်းကန်ထဲသို့ ထည့်ပြီး ဆေးဖို့ မယူသွားရပါ။ ၃။ စားပြီး အိုးခွက်ပန်းကန်များကို မနက်မှ ဆေးတော့ပါမယ် ဆိုပြီး မီးဖို ချောင်ထဲမှာ မဆေးပဲ တစ်ညလုံး ပုံမထား သင့်ပါ။

၄။ အိမ်ထောင်ဦး အမျိုးသား၏ အကျီး ၊ စွတ်ကျယ် ၊ တဘက် ၊ ပုဆိုး အဟောင်းများကို ကြမ်းသုတ် လက်သုတ် ဖုန်သုတ်မလုပ်ရပါ။ ၅။ လင်မယားအချင်းချင်း ၉ နာရီ မကျော်မီ စောစောစီးစီးစကားများ ရန် မဖြစ်ရ။ မငြူစူးရ ၊ ဒေါသမဖြစ်ရပါ။ စောစော စီးစီး နိမိတ် မကောင်းသော အမင်္ဂလာ သီချင်းများ မဖွင့်ရပါ။

အဲဒီ ၅ ချက် ၂ ချက်လောက် လုပ်မိလျှင် လာဒ်တိတ်စေတတ်ပါတယ်။ ငွေဝင်ပါလျှင်လည်း အသာလွတ် ပြန်ပြန်ထွက်သွားတတ်ပါသည်။ ထို့ကြောင့် အဲဒီ အချက်များ ကို ရှောင်သင့်ပါသည်။

အားလုံး ငွေကြေး ရတနာများ လုပ်ငန်းကောင်းများ လှိမ့်ဝင်ကြပြီး အလှူ အတမ်း ၊ ဘာသာရေး ၊ သာသာနာရေး ။ ပရဟိတ အရေး အတွက် တည်သုံးနိုင်ကြပါစေ လို့ ဆုတောင်း မေတ္တာ ပို့သ ရင်း …

ထွန်းအောင်လူ

Leave a Reply

Your email address will not be published. Required fields are marked *