နိုင်ငံခြားမှာအလုပ်သွားလုပ်ပေမဲ့ မျက်စိကန်းတဲ့အထိ 8နှစ်ခန့် နှိပ်စက်ခံခဲ့ရတဲ့ အိမ်ဖော်မလေးရဲ့အဖြစ်

Posted on

နိုင်ငံခြားမှာအလုပ်သွားလုပ်ပေမဲ့ မျက်စိကန်းတဲ့အထိ 8နှစ်ခန့် နှိပ်စက်ခံခဲ့ရတဲ့ အိမ်ဖော်မလေးရဲ့အဖြစ်

အမြဲနှိပ်စက်ညှင်းပန်းခံနေရပြီး ကြောက်လန့်တကြားနေထိုင်နေရတဲ့ဘဝမျိုးကို မြင်ယောင်ကြည့်လိုက်ပါ ။ ဘဝတစ်သက်လုံး သူစိမ်းအိမ်မှာကျွန်ခံနေရသလိုပေါ့ ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံကနေ မလေးရှားနိုင်ငံသို့လာရောက်အလုပ်လုပ်ကိုင်နေလျက်ရှိတဲ့ အိမ်ဖော်မလေးဟာ သူမရဲ့အလုပ်ရှင်တွေရဲ့နှိပ်စက်ညှင်းပန်းတာကို 8နှစ်ခန့်ခံစားခဲ့ရပြီး သူမ၏ခန္ဓာကိုယ်အနှံ့ဒဏ်ရာဒဏ်ချက်များ နှင့် မျက်လုံးကန်းသွားတဲ့အထိဖြစ်ခဲ့ရပါတယ် ။

သို့ပေမဲ့လည်း ကံကောင်းစွာနဲ့ပဲ သူမကိုပြီးခဲ့တဲ့ အောက်တိုဘာလ 20ရက်နေ့က မလေးရှားနိုင်ငံ ၊ Perak ပြည်နယ်ရှိရဲတပ်ဖွဲ့က ကယ်တင်ပေးနိုင်ခဲ့ပါတယ် ။ ပြောရေးဆိုခွင့်ရှိတဲ့ ရဲအရာရှိတစ်ဦး၏ပြောကြားချက်အရ အိမ်ဖော်မလေးကိုနှိပ်စက်ညှင်းပန်းသည်ဟုယူဆရသော အိမ်ရှင် အသက် 35 နှစ်အရွယ်အမျိုးသားနှင့် ဇနီးဖြစ်သူ အသက် 26 နှစ်အရွယ်အမျိုးသမီးတို့ကိုဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း သိရှိရပါတယ် ။

ထို့အပြင် အိမ်ဖော်မလေးရဲ့သတင်းအချက်အလက်ကိုရဲတပ်ဖွဲ့က စတင်ရရှိခဲ့သည်နှင့်တစ်ပြိုင်နက် D7အဖွဲ့ကိုစေလွှတ်ကာ အိမ်ဖော်မလေးကိုသွားရောက်ကယ်တင်စေခဲ့ပြီး အိမ်ရှင်တွေကိုဖမ်းဆီးဖို့အမိန့်ပေးခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ အိမ်ဖော်မလေးကို စတင်တွေ့ရှိခဲ့ချိန်မှာတော့ သူမ၏ခန္ဓာကိုယ်အနှံဒဏ်ရာတွေနဲ့ ညိုမဲကွက်များစွဲနေခဲ့သည့်အပြင် သူမ၏မျက်နှာမှာလည်းရိုက်နှက်ခံထားရ၍ ယောင်ရမ်းနေခဲ့ပါတယ် ။

ထို့အပြင် သူမစတင်ဝင်ရောက်အလုပ်လုပ်ကိုင်သည့် 2011 ခုနှစ်ကတည်းက နှိပ်စက်ခံထားခဲ့ရ၍ မျက်လုံးကန်းသွားခဲ့ရတာဖြစ်ကြောင်းသိရှိရပါတယ် အိမ်ဖော်မလေးကို စိတ်ဒဏ်ရာရရှိနေခဲ့သည့်အခြေအနေမျိုးနှင့် ဆိုးဆိုးဝါးဝါးတွေ့ရှိခဲ့ကြောင်း ရဲအရာရှိများကထွက်ဆိုခဲ့ပါတယ် ။ အဆိုပါအိမ်ရှင်စုံတွဲကလည်း အိမ်ဖော်မလေးကိုသူမနိုင်ငံသို့ပြန်လည်ခွင့် လုံးဝမပေးခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတော့တယ် ။ ယခုကိစ္စကိုတော့ ဆက်လက်စစ်ဆေးမှုများပြုလုပ်နေလျက်ရှိပြီး ထိထိရောက်ရောက်အရေးယူသွားမည်ဖြစ်ကြောင်းသိရှိရပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *