လက်ရှိဗိုင်းရပ်စ်ထက် ကူးစက်မှုနှုန်း ( ၆ )ဆ ပိုမြန်တဲ့ ကိုဗစ်ဗီဇ အသစ် တောင်ကိုရီးယားမှာ ပေါ်ထွက်လာ

Posted on

တောင် ကိုရီးယား မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ဗီဇအသစ် တစ်မျိုး ဟာ လက်ရှိ ဗိုင်းရပ်စ် ထက် ကူးစက်မှုမြန်နှုန်း (၆)ဆအထိ ပိုများတယ်လို့ ဆိုပါတယ်။ ဆိုးလ်မှာ နိုက် ကလပ်တွေ ပြန်ဖွင့်လိုက်လို့ အဲဒီကနေ ကူးစက်မှု ( ၂၇၀ ) ရှိခဲ့ပြီး၊ မေလက ဘူချွန်ရှိ e-commerce centre ကနေ တစ်ဆင့် လည်း ကူးစက်မှု ( ၁၅၀ )အထိ ရှိခဲ့ ပါတယ် ။

ဒီကူးစက်မှုတွေကို သုတေသနပြုလိုက်တဲ့အခါမှာတော့ ဗိုင်းရပ်စ်ဗီဇ မျိုးစိတ် အသစ် ဒါမှ မဟုတ် အဆင့်မြင့်သွား တဲ့ ဗိုင်းရပ်စ် မျိုးစိတ် အသစ်ကြောင့် ဆိုတာ တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ကိုဗစ်-၁၉ဗိုင်းရပ်စ်ဟာ ရှိရင်းစွဲ ကိုဗစ်-၁၉ ထက် ကူးစက်မှုအရှိန် ( ၆ )ဆ အထိ ပိုမြန်နေတာကို တွေ့ရပါတယ်။


သိပ္ပံဂျာနယ်တစ်ခုဖြစ်တဲ့ Cell ရဲ့ ဖော်ပြချက် အရ G ဗီဇဟာ လူသားဆဲလ်တွေကို ကူးစက်မှုအပိုင်းမှာ အခြားကိုဗစ်ဗိုင်းရပ်စ်ထက် ကူးစက်မှုအရှိန်ဟာ အနည်းဆုံး (၃)ဆကနေ(၆)ဆအထိ ပိုမြန်သွားတယ်လို့ ဆို ပါတယ် ။

ကိုဗစ်လူနာ (၅၂၆)ဦး အနက် မျိုးဗီဇခွဲလိုက်တဲ့ အခါ GH ဗီဇ (၃၁၃)ခု ထွက်ပေါ်လာ ခဲ့ပါတယ် ။ ဒီဗီဇဟာ ဥရောပနဲ့ အမေရိကန်တစ်ခွင်ကို နှိပ်စက်ခဲ့တဲ့ ဗိုင်းရပ်စ်ဗီဇဖြစ်ပြီး၊ အဲဒီကနေ ကိုးရီးယားပြည်တော်ပြ န်၊ သို့မဟုတ် ပြည်တွင်းရောက် နိုင်ငံခြားသားတွေဆီ ကို ပါရှိလာခဲ့တာပါ။


ဗိုင်းရပ် GH ဗီဇဟာ တောင်ကိုရီးယား၊ ဥရောပ၊ မြောက်အမေရိက၊ တောင်အမေရိကတို့ မှာ ကြီးစိုးခြယ်လှယ် ခဲ့တဲ့ ဗီဇဖြစ်ပြီး၊ တောင်ကိုရီးယားမှာတော့ ပြီးခဲ့တဲ့အင်္ဂါနေ့တစ်ရက်တည်းမှာပင် ကူးစက်သူ (၄၄)ဦးရှိခဲ့ပါတယ်။ ဒါဟာ နှစ်ပတ်အတွင်းမှာ ပြည်တွင်းကူးစက်မှုစံချိန်ကို ကျော်လွန်သွားတဲ့ ပြည်ပရောက် ကူးစက်မှု ဖြစ်ခဲ့ပါတယ်။

ဘာသာပြန်-လင်းသုတ

Ref ; Metro

Leave a Reply

Your email address will not be published. Required fields are marked *