ဘဝရဲ့မှတ်တိုင်တစ်ခုဖြစ်တဲ့ UK မှာဘွဲ့ယူခဲ့စဉ်က တက္ကသိုလ်အဓိပတိကြီးပြောတဲ့ စကားတစ်ခွန်းကို ပြန်လည်အောက်မေ့နေတဲ့ နေခြည်ဦ

Posted on

နေခြည်ဦးကတော့ ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ပီပီ ပညာရေးမှာလည်း ထူးချွန်ထက်မြက်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေခြည်ဦးက အင်္ဂလန်နိုင်ငံ Bradford မြို့က University of Bradford မှာ Criminology ဘာသာနဲ့ ဘွဲ့ရခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မိန်းကလေးတိုင်း အားကျရလောက်အောင် အရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ နေခြည်ဦးက ဒီနေ့မှာတော့ လွန်ခဲ့တဲ့ (၅)နှစ်က သူမရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားက အဖြစ်အပျက်၊ အမှတ်တရလေးတစ်ခုကို အခုလိုပဲပြောပြလာပါတယ်။

“အပျော်ဆုံး moment လေး 🦋⭐️🦋⭐️ Chancellor ကအဲ့တုန်းကမေးတယ် အခုဘာဆက်လုပ်မှာလဲတဲ့ “ဘာလုပ်ရမှန်းတော့မသိသေးဘူး but it’s gonna be something amazing” လို့ Can’t wait to see my chancellor again 🥰🦋🌶” ဆိုပြီး သူမဘဝရဲ့ အကြီးမားဆုံး မှတ်တိုင်တစ်ခုကို ပြန်လည်ပြောပြလာရင်း အမှတ်တရတွေကို မျှဝေပေးထားပါတယ်။

နေခြည်ဦးကတော့ Beauty Blogger၊ Social Influencer တစ်ယောက်အဖြစ် ရပ်တည်ခဲ့တဲ့ (၃)နှစ်ကျော်တာကာလအတွင်းမှာလည်း အောင်မြင်မှုတွေ အကြီးအကျယ်ကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Nay Chi Oo’s fb
Bilie – Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *