ညွှန်ကြားချက်များကိုလိုက်နာရန်ပျက်ကွက်ခဲ့သည့် ဦးစောကွယ်ဝါ ( သင်းအုပ်ဆရာ ) နှင့် အမှုဆောင် ဦးစောရေဂန်ဒီ တို့အား ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေးပြုလုပ်ဆောင်ရွက်ခဲ့ခြင်းအပေါ် သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အင်းစိန်မြို့မရဲစခန်း (ပ)၇၀၆/၂၀၂၀ ဖြင့်လည်းကောင်း၊ ဦးစောဒေးဗစ်(ခ) ဦးစောဒေးဗစ်လား (တရားဟောဆရာ) နှင့် ဦးဝေထွန်း (နဝရတ်တေးသံသွင်း) တို့အား ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေးပြုလုပ်ဆောင်ရွက်ခဲ့ခြင်းအပေါ် သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ မရမ်းကုန်းမြို့မရဲစခန်း အမှုအမှတ် (ပ) ၅၈၃/၂၀၂၀ ဖြင့်လည်းကောင်းအမှုဖွင့်လှစ်ထားရှိပါကြောင်း အသိပေးထုတ်ပြန်ကြေငြာအပ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး
Coronavirus Disease 2019 ( COVID-19 )
ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီ