ဒုသမ္မတနဲ့ မိသားစုအပါအဝင် လူအယောက် ၃၀ ကျော်ကို ဓာတ်ခွဲနမူနာယူပြီး ဆေးစစ်မယ်လို့ ဦးဇော်ဌေးပြော

Posted on

ဒုတိယသမ္မတကြီးနဲ့ မိသားစုဝင်တွေ၊ အနီးကပ်ထိတွေ့မှုရှိသူတွေ အားလုံး၊ စုစုပေါင်း လူသုံးဆယ်လောက်ကို ဒီနေ့ ဓါတ်ခွဲနမူတွေ ရယူပြီး စစ်မှာ ဖြစ်၊
ဒုသမ္မတကိစ္စနဲ့ပတ်သက်ပြီး
သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ
ဦးဇော်ဌေးရဲ့ပြန်လည်ဖြေကြားချက်
=====

ဓါတ်ပုံများဖြင့် မေးမြန်းလာသည့် ဒုတိယသမ္မတကိစ္စ ဖြေကြားချက်

(၁) အဆိုပါပုံများဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့ က လို့ စိစစ် သိရှိရပါတယ်။ မြန်မာနိုင်ငံမှာအစောဆုံး ကူးစက်မှု တွေ့ရှိခဲ့တာက မတ်လ ၂၃ ရက်နေ့ ဖြစ်ပါတယ်။ အဆိုပါဘာသာရေးအဖွဲ့နဲ့ ဒီရက် နောက်ပိုင်း တွေ့ဆုံမှု မရှိဘူး လို့ သိရပါတယ်။

(၂) သို့သော်လည်းပဲ အခုလို ထိတွေ့မှုသတင်းတွေအပေါ် လူထုစိုးရိမ်မှု မြင့်တက်နေတာ တွေ့ရှိရတဲ့အတွက် ရှင်းရှင်းလင်းလင်း သိနိုင်အောင် ဒုတိယသမ္မတကြီးနဲ့ မိသားစုဝင်တွေ၊ အနီးကပ်ထိတွေ့မှုရှိသူတွေ အားလုံး၊ စုစုပေါင်း လူသုံးဆယ်လောက်ကို ဒီနေ့ ဓါတ်ခွဲနမူတွေ ရယူပြီး စစ်မှာ ဖြစ်ပါတယ်။

(၃) နိုင်ငံတော်အကြီးအကဲတွေရဲ့ ကျန်းမာရေးအတွက် နေအိမ်အဝင် အထွက်တွေ၊ တွေ့ဆုံမှုတွေကို ကျန်းမာရေး guideline တွေနဲ့အညီအထူးကြပ်မတ် စိစစ်မှုတွေ ဆောင်ရွက်ထားပါတယ်။

Credit Kyaw Swa Min

Leave a Reply

Your email address will not be published. Required fields are marked *